Copilot စမ်းသပ်ခြင်း

Copilot ကို စမ်းသပ်ကြည့်ခြင်း

Copilot ဆိုတာ Github နဲ့ OpenAI တို့ပူးပေါင်းပြီးစမ်းသပ်တဲ့ AI completion tool တစ်ခုပါ VSCode extension တစ်ခု အနေနဲ့သုံးလို့ရပါတယ်။ beta version ကိုအကြာကြီးထားပြီးမှ ပထမဆုံးတော့ release ကို 29 June 2021 မှာကြေငြာခဲ့ပါတယ်။

မနေ့ရှေ့တစ်ရက်ကမှ copilot သုံးဖို့ ကျနော့ account activate ဖြစ်ကြောင်း email ပြန်လာတယ်။သူ့ documentation ကိုရှာဖတ်တော့ မတွေ့ဘူး။ ဒီနေ့ Oct 23, 2021 မှ github မှာ copilot doc ဆိုပြီးတင်လာတယ်။ သူ့ doc ထဲမှာဘာမှ မယ်မယ်ရရ ရေးထားတာမတွေ့ဘူး။

စ စမ်းသပ်ကြည့်ခြင်း

ကျနော် စ စမ်းကြည့်တော့ ယောင်ဝါးဝါးနဲ့ဘာမှလည်းမပေါ်ဘူးပေါ့ နောက်မှ AI api ကိုလှမ်းဆွဲတာဆိုတော့ delay ရှိနေတာစ ရိပ်မိတယ်။ internet လိုင်းနှေးရင် solution တစ်ခုထွက်ဖို့ အတွက် cursor ချပြီး 1 second လောက်ငြိမ်နေရတယ်။

ဥပမာအနေနဲ့ express server တစ်ခုရေးမယ်ဆိုပါစို့ အောက်ကအတိုင်း comment ရေးလိုက်တာနဲ့ port 4000 မှာ run ဖို့ express server  တစ်ခုအလိုအလျောက်ရေးသွားပါတယ် တစ်ကြောင်းချင်းစီကို tab လေးပဲရိုက်ပေးသွားရုံပါပဲ။ 

 // Express server running on port 4000

copilot ကိုသုံးဖို့ English လို Grammar မှန်မှန်ကန်ကန်ရေးနိုင်ဖို့လိုပါတယ် အဲဒီတော့ English ကောင်းမှသာဒီ tool ကပိုအသုံးဝင်မှာပဲဖြစ်ပါတယ်။ အရမ်းအံသြစရာကောင်းတာကတော့ TicTacToe Game လိုမျိုး Todo application လိုမျိုးကိုတစ်လုံးမှ ကိုယ်ကရေးစရာမလိုပဲ သူအကုန်ရေးပေးသွားပါတယ်။ နောက်ဆုံးအောက်က ကျနော်စမ်းထားတဲ့ video မှာကြည့်ရင် API key တွေပါထုတ်ပေးပစ်လိုက်တယ် ပြီးရော :D

အသုံးပြုခွင့်

လောလောဆယ်တော့ copilot ကို developers ပေါင်း 88,783 ပဲသုံးလို့ရပြီး developer အကုန်သုံးလို့မရသေးပါ Copliot မှာ signup လုပ်ပြီး waitlist စောင့်လို့ရပါတယ်။ ကျနော်ဆို ၁ နှစ်ခွဲလောက်စောင့်လိုက်ရပါတယ်။

developer အလုပ်တွေကိုထိခိုက်လာနိုင်မလား

စ ကြားဖူးတာကတော့တစ်နှစ်ကျော်ပြီ အသေအချာစမ်းပြတဲ့ video ကိုမကြည့်မိဘူး။ လွန်ခဲ့တဲ့ ၄ လလောက်ကTraversy Media က Github Copilot - First Look ဆိုတဲ့ video ကိုစကြည့်လိုက်တော့မှ ဟင် ကနဲ့ ဟာ ကနဲ့ကိုဖြစ်တာ 😅

copilot လုပ်နိုင်စွမ်းကိုကြည့်ပြီး ကျနော်တို့လိုတိုးတက်နူန်းနှေးကွေးလွန်းတဲ့နိုင်ငံကနေ အခုမှ အလုပ်စဝင်မယ့် မြန်မာနိုင်ငံက လူငယ်တွေအတွက်နည်းနည်းစိတ်မကောင်းတော့ဖြစ်မိတယ် ဘာလို့လဲဆိုတော့ code ရေးတတ်စရာမလိုပဲ English စာကျွမ်းရုံနဲ့ code တွေ auto ရေးလို့ရနေတာဆိုတော့ တခြားနယ်ပယ်ကလူတွေတော်တော်များများ app တွေရေးလာနိုင်မှာပဲဖြစ်ပါတယ် ဆိုးကျိုးကတော့ အလုပ်ရှားလာမှာပဲဖြစ်ပါတယ် ယှဥ်ပြိုင်မှုပိုပို ပြင်းထန်လာမှာပဲဖြစ်ပါတယ်။

copilot အကောင့်ကိုလျှောက်ချင်တယ်ဆို ဒီနေရာမှာလျှောက်နိုင်ပါတယ်။

https://copilot.github.com

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ✌🏻

This article was updated on October 28, 2021

Ronald Aug

👋လက်ရှိ full-time remote အလုပ်လုပ်၊ Javascript / Node / GraphQL / Laravel တွေရေး၊ music လည်းကြုံရင်ကြုံသလိုလုပ်သူ။ 😅 👋