cockpit cms

Headless CMS နဲ့ Cockpit

2017 - 18 လောက်မှာ Headless တွေ JAM stack တွေ ခေတ်စားနေတော့ ကျနော်လည်း headless CMS တွေတော်တော်လုပ်ဖြစ်တယ် 

ဒီနှစ်ပိုင်း PHP က သိပ်ရေပန်းမစားတာတော့တာရယ် ပြီးတော့ကိုယ် ကိုယ်တိုင်ကလည်း PHP ကိုသိပ်သဘောမတွေ့တာနဲ့ Node JS နဲ့ဆိုင်တာ တွေချည်းပဲ ရှာဖြစ်ခဲ့တယ်။

အဲဒီမှာ Strapi နဲ့ Prime CMS ကိုတွေ့တယ် အရမ်းသဘောကျတယ် အရမ်းလည်းသွက်တယ် frontend အပိုင်းကို Vue, Svelte တို့နဲ့ပေါင်းလိုက်ရင် SPA အလွယ်လေးလုပ်လို့ရတယ်။

ဒါပေမယ့်လည်း ဒီ CMS တွေမှာ ပြဿနာ အနည်းငယ်ရှိတယ်

သူတို့က Beta ပဲရှိသေးတယ် သိပ်ယုံကြည်လို့မရသေးတဲ့သဘောပေါ့။

ပြီးတော့နောက်ပြဿနာတစ်ခုက NodeJS deployment ပဲ၊ Node က hosting အတွက်နည်းနည်းခေါင်းစားတယ်။ dynamic hosting မဟုတ်ရင် Strapi တို့ Prime တို့ကအလုပ်ကိုမလုပ်တော့ဘူး။

အဲတော့ PHP ပဲဖြစ်ဖြစ် Node ပဲဖြစ်ဖြစ် လွယ်ရမယ် မြန်မြန်လည်း setup လုပ်လို့ရမယ့်ဟာကိုထပ်ရှာတယ်

အဲဒီမှာ Cockpit နဲ့ Directus CMS ကိုတွေ့တယ် directus CMS ကိုစပြီး install လုပ်တာနဲ့ သူ့ UI ကိုသိပ်သဘောမကျဘူး နည်းနည်းရှုပ်တယ် license ကလည်း MIT မဟုတ်ဘူး။

Cockpit CMS ကိုတော့ပထမဆုံးအကြိမ် setup လုပ်ကြည့်တာနဲ့ကိုကြွေသွားတယ် 😂 UI အရမ်းလှတယ် (ကိုယ်ကြိုက်တဲ့ ui-kit library ကိုသုံးထားတာကိုး) UX ကလည်းအရမ်းနားလည်လွယ်တယ် ရှင်းတယ်

Cockpit CMS က wordpress ရဲ့ advanced custom fields plugin နဲ့ အရမ်းဆင်ပါတယ် ဒါပေမယ့် သူက json api ထုတ်ပေးပါတယ်။

Cockpit ရဲ့အားသာချက်တွေကတော့

  • PHP 7+ မှရတယ်
  • sqlite သုံးထားတယ် ဘာ db setup မှမလိုဘူး
  • installation က /install ကိုသွားတာနဲ့ပြီးတယ်
  • share hosting ပေါ် ဒီအတိုင်းတင်လိုက်တာနဲ့သုံးလို့ရတယ်
  • ဘယ် hosting ကိုရွှေ့ရွှေ့  folder တစ်ခုပဲ ကူးရတယ်
  • API တွေက token based ဖြစ်တယ်
  • API route တစ်ခုချင်းစီကို API key တစ်ခုစီနဲ့ကာလို့ရတယ်
  • API ကို URL မှာတင် limit, filter လုပ်လို့ရတယ်
  • User group / Role based addons တွေရှိတယ်
  • collections တွေ link လုပ်လို့ရတယ် ( Many to many , Many to one တွေအကုန်ရတယ် )
  • Fields အမျိုးအစားပေါင်း 29 ခုလောက်ရှိတယ်
  • Fully Customize လုပ်လို့ရတယ်
  • addons တွေကလည်းအများကြီးပဲ ( ကျနော်တောင်တစ်ခုလုပ်ထားသေးတယ် 😁)
  • နောက်ဆုံးအကြိုက်ဆုံးက GraphQL ရတာပဲ (လောလောလတ်လတ်လေးပဲ Mutation ကိုပါ support လုပ်လိုက်တယ်)

ကျနော် အများကြီးမညွန်းတော့ဘူး စမ်းသုံးကြည့်ပါ။ တကယ်မိုက်ပါတယ်။

Cockpit ကနည်းနည်းခက်တာတစ်ခုရှိတယ် အဲဒါက documentation မစုံဘူး။ အဲဒါကိုစိတ်ညစ်ပြီး မသုံးတော့တဲ့သူတွေရှိတယ် (ကျနော်လည်းဖြစ်ခဲ့ဖူးတယ်)  အရင်က ကိုယ်ကိုယ်တိုင်က PHP ကိုအသေအချာမလိုက်လို့လည်းပါပါတယ်။ အခုတော့ ကျနော်အရမ်းသဘောကျတဲ့ cockpit CMS ကိုကောင်းကောင်းသုံးတတ်သွားပါပြီ။ အခက်အခဲတစ်ခုခုရှိရင် ကျနော့ကို  info@ronaldaug.work ကနေလှမ်းမေးလို့ရပါတယ် 🍻✌🏻

 

 

This article was updated on November 15, 2019

Ronald Aug

👋လက်ရှိ full-time remote အလုပ်လုပ်၊ Javascript / Node / GraphQL / Laravel တွေရေး၊ music လည်းကြုံရင်ကြုံသလိုလုပ်သူ။ 😅 👋